ခံစားချက်တစ်ခုထဲနဲ့ မျက်စိကို စုံမှိတ် ငါမင်းကိုချစ်ခဲ့တာ..
မင်းနုတ်ခမ်းလေးဆူ
တဲ့ အချိန်မှာ ကမ္ဘာပျက်သလို ဖြစ်ခဲ့ရတာငါပါ..မင်းပေးတဲ့
မာယာချိုချိုတွေကြောင့်.. ငါ့ဘ၀ ကို.. အစိမ်းရောင် အခိုးငွေ့တွေနဲ့
ငါရှင်သန်ဘူးခဲ့....
မင်း
အပြုံးလေးတစ်ချက်နဲ့ ငါ မင်းရဲ့ ကမ္ဘာကို အပြီးလာခဲ့မှာပါ..ဒါပေမယ့်..
မင်းမျက်လုံးစိမ်းတစ်ချက်နဲ့ ငါတို့ နှစ်ယောက် ကမ္ဘာခြားခဲ့ပီ...အရာရာဟာ..
ကောင်းကင်က တိမ်တိုက်တွေလိုလွင့်မျောသွားခဲ့ပြီ...ကမ်းစပ်က သောင်ပြင်မှာ
ရေးဆွဲခဲ့တဲ့ ပန်းချီကားတစ်ချပ်လို.. လှိုင်းတစ်ချက် အရိုက်မှာ..
ပျောက်ကွယ်ခဲ့ရပြီ
ငါကိုယ်တိုင်..က ရူးသွပ်ခဲ့တာလား..မင်းကပဲ
စွန့်လွတ်ခဲ့တာလား...ဘယ်လိုအကြောင်းတရား က မင်းဘ၀ကို..
မုန်တိုင်းထန်စေခဲ့တာလည်းငါ မင်းကို အပြစ်မမြင်ရက် ခဲ့ပါဘူး..
ငါ က မင်းလျောက်ဖို့ တံတားတစ်စင်း ခင်းပေးခဲ့တာပဲ
မင်းလျှောက်ချင်မှဖြစ်တာပဲလေ..ငါသာ မင်းကိုတွဲခေါ်ခဲ့မယ်ဆိုရင်....ချစ်သူ မင်းခုချိန်....။
"လှိုင်းလေတို့ဖြင့် ခက်ထန်ကြမ်းတမ်းသော ပင်လယ်ပြင်တွင် လူပျော့လူညံ့တို့အတွက် နေရာသည် မရှိ - ၂ "
Posted by
Unknown
at
10:31 PM
by Ngaye
Panm on Sunday, 6 November 2011 at 17:12